ပရိသတ်တွေဆီက လက်ဆောင်တွေလက်မခံတော့ဘူးဆိုတဲ့ Jung Yong Hwa 

ပရိသတ်တွေဆီက လက်ဆောင်တွေလက်မခံတော့ဘူးဆိုတဲ့ Jung Yong Hwa 

အဆိုတော်၊ သရုပ်ဆောင် Jung Yong Hwa က သူ့ကို လက်ဆောင်တွေမပို့ပေးဖို့ ပရိသတ်တွေကို မေတ္တာရပ် ခံခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ CNBLUE အဖွဲ့ဝင် Jung Yong Hwa က သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေ သူ့အတွက်ငွေကုန်ကြေးကျခံပြီး ပစ္စည်းတွေဝယ်ပို့ ပေးမှာကိုမလိုချင်ပဲ အဲဒီ့အစား အချစ်တွေသာပို့ပေးပါလို့ ပရိသတ်ကိုချစ်စဖွယ်မေတ္တာရပ်ခံခဲ့တာပါ။

Jung Yong Hwa က ပရိသတ်တွေပို့ပေးတဲ့လက်ဆောင်တွေ အများကြီးလက်ခံရရှိခဲ့ပြီး ချစ်ခင်မှုတွေလည်းအများ ကြီးရရှိခဲ့ကြောင်းနဲ့ လက်ဆောင်တွေထက် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုသာလိုချင်ကြောင်းပြောခဲ့တာပါ။

သူ့အတွက်ကုန်ကျမယ့်ပိုက်ဆံကို ပရိသတ်တွေတကယ်လိုအပ်တဲ့နေရာမှာသာအသုံးပြုစေချင်ပြီး အဲ့ဒီလို လုပ်ပေးရင်သူပိုပြီးကျေနပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာ ပရိသတ်တွေအနေနဲ့လည်း ကျန်းမာ အောင်ဂရုစိုက်ကြဖို့မှာခဲ့ပါသေးတယ်။

အေဂျင်စီကလည်း Jung Yong Hwa ရဲ့ ဆန္ဒအရ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး ပရိသတ်တွေဆီကစာနဲ့ လှူဒါန်းတဲ့လက်မှတ်တွေကလွဲရင် တခြားလက်ဆောင်ပစ္စည်းတွေ ကို လက်မခံတော့ဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။

Fan Meeting အတွက်လည်း သေချာပြင်ဆင်နေပြီး အသေးစိတ်ကို ထပ်မံကြေညာပေးမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး