Jimmy Fallon ရဲ့ ရှိုးမှာ ပါဝင်လာမယ့် BTS

Jimmy Fallon ရဲ့ ရှိုးမှာ ပါဝင်လာမယ့် BTS

“The Tonight Show Starring Jimmy Fallon” ရှိုးမှာ BTS အဖွဲ့ပါဝင်လာဖို့ရှိနေပါတယ်။ BTS ကို ပါဝင်ဖို့ Jimmy Fallon က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

ရှိုးရဲ့ season အသစ်မှာ အရင်ကနဲ့မတူတဲ့ပုံစံမျိုးတွေချပြသွားမှာဖြစ်ပြီး ထူးခြားတာတစ်ခုကတော့ BTS အဖွဲ့တစ်ဖွဲ့တည်းကိုပဲ ၅ ရက်လုံး ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

BTS အဖွဲ့အနေနဲ့ “The Tonight Show Starring Jimmy Fallon” မှာ ပါဝင်တာ ပထမဆုံးအကြိမ်မဟုတ်ပဲ အရင်ကလည်းလာရောက်ခဲ့ဖူးပါတယ်။

Jimmy Fallon ရဲ့ ရှိုးမှာ နောက်ဆုံးပါဝင်ခဲ့တဲ့ ကေပေါ့ပ်အဖွဲ့ကတော့ BLACKPINK ပဲ ဖြစ်ပါတယ်။ စတင်ပြသမယ့်ရက်ကတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာပြသပါဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး