“Zombie Detective” ဇာတ်ဝင်ခန်းတစ်ခန်းအတွက် အမဲအူအစိမ်းတွေကို တကယ်စားခဲ့ရတဲ့ Choi Jin Hyuk

“Zombie Detective” ဇာတ်ဝင်ခန်းတစ်ခန်းအတွက် အမဲအူအစိမ်းတွေကို တကယ်စားခဲ့ရတဲ့ Choi Jin Hyuk

လတ်တလောမှာ အသစ်ထုတ်လွှင့်ပြသ နေတဲ့ဇာတ်လမ်း တွဲတွေထဲက “Zombie Detective” ဆိုတဲ့ ဇာတ်ကား ကတော့ ကေဒရာမာပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အထူးသဖြင့် ဇွန်ဘီအဖြစ် သရုပ်ဆောင်တဲ့ မင်းသား Choi Jin Hyuk ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကို သဘောကျနေကြတာပါ။

လက်ရှိမှာ အပိုင်းနှစ်ပိုင်းသာ ထုတ်လွှင့်ပြသရသေးပြီး အမဲအူအစိမ်းစားတဲ့ ဇာတ်ဝင်ခန်းကတော့ ပရိသတ်တွေသဘော အကျရဆုံးဇာတ်ဝင်ခန်း ဖြစ်နေပါတယ်။

ဒီဇာတ်ဝင်ခန်းအတွက် အပြင်မှာ တကယ် အမဲအူစိမ်းတွေကို စားခဲ့ရ တာပဲဖြစ်ပါတယ်။

Choi Jin Hyuk က ဒီလိုမျိုးစားဖူးတာဘဝမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သရုပ်ဆောင် ပီပြင် ချင်တာကြောင့် မျက်လုံးစုံမှိတ်ပြီး စားခဲ့ရတယ်လို့ဆိုပါတယ်။

သူ့ရဲ့အခုလို မျိုးကြိုးစားမှုတွေကို ရိုက်ကူးရေး တစ်ဖွဲ့သားလုံးကလည်း ချီးကျူး ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အမဲအူတွေဟာ ထင်ထားတာထက် အနံ့ အသက်ပိုဆိုးပြီး တော်တော်လည်းချွဲပြစ်တယ်လို့ PD က ပြောခဲ့ပါတယ်။

လူသားတစ်ယောက်လို နေထိုင် ပြောဆိုချင်တဲ့ဇွန်ဘီတစ်ကောင်ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ “Zombie Detective” ဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး