Supergirl Series ဟာ လာမယ့် Season 6 ပြီးရင် ဇာတ်လမ်းထက်ဆက်ဖို့မရှိပဲ အဆုံးသတ်သွားတော့မယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Supergirl Season 6 အတွက် ရိုက်ကူးရေးစတင်ဖို့ပြင်ဆင်နေပြီး ဒီလကုန် လောက်မှာ ရိုက်ကူးရေးစတင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ရိုက်ကူးရေးအခုထပ်စောမှာဖြစ်ပေမယ့် COVID-19 ရောဂါကူးစက်မှုတွေကြောင့်နဲ့ မင်းသမီး Benoist ကိုယ်ဝန်ဆောင်နေချိန်ဖြစ်တာတွေကြောင့် ရိုက်ကူးရေးရပ်နားထားခဲ့ရတာပါ။
နောက်ဆုံးဇာတ်သိမ်းပိုင်းဖြစ်လာမယ့် Season 6 မှာ အပိုင်း ၂၀ အထိ ပါဝင်လာဖို့ရှိပြီး ၂၀၂၁ ခုနှစ်ထဲမှာ ထုတ်လွှင့်ပြသနိုင်ချေရှိနေပါတယ်။
CW ရဲ့ Supergirl Series ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ပြသခဲ့တာဖြစ်ပါတယ်။
Melissa Benoist အဓိက ပါဝင်ထားတဲ့ Supergirl Series ကို Season 6 အပြီးမှာ ရပ်နားတော့မယ့်အကြောင်းကိုတော့ The CW နဲ့ Warner Brrothers တို့ကို တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။
















