Billboard Music Awards 2020 အတွက် ဆန်ကာတင်စာရင်းတွေထွက်လာ

Billboard Music Awards 2020 အတွက် ဆန်ကာတင်စာရင်းတွေထွက်လာ

၂၀၂၀ ခုနှစ် Billboard Music Awards အတွက် ဆန်ကာတင်စာရင်း ထွက်ရှိလို့လာပြီဖြစ်ပါတယ်။

ဆန်ကာတင်စာရင်းရဲ့ ထိပ်ဆုံးမှာဦးဆောင်နေသူကတော့ Post Malone ဖြစ်ပြီး စုစုပေါင်း ဆု ၁၆ ခု အတွက် ရွေးချယ်ခံထားရတာပါ။

Post Malone ရဲ့ နောက်မှာတော့ Lil Nas X က ၁၆ ဆု၊ Billie Eilish နဲ့ Khalid တို့က ၁၂ ဆုစီ၊ Lizzo က ၁၁ ဆု၊ Kanye West က ၉ ခု၊ Taylor Swift က ၆ ဆုနဲ့ ဆန်ကာတင်စာရင်းရဲ့ထိပ်ဆုံးမှာ အသီးသီးရပ်တည်နေကြတာဖြစ်ပါတယ်။

ဒီနှစ်မှာ ပရိသတ်တွေမဲပေးရွေးချယ်တဲ့ဆု ၃ ဆု လည်း ပါဝင်လာပါ တယ်။ အဲဒီ့ဆုသုံးခုကတော့ Billboard Chart အတွက်ရွေးချယ်တဲ့ ၁ ဆု၊ တစ်ကိုယ်တော်သီဆိုမှုအတွက် ၁ ဆု နဲ့ ပူးတွဲသီဆိုမှုအတွက် ၁ ဆု တို့ပဲဖြစ်ပါတယ်။

Icon Award Winner ဆုကိုတော့ Garth Brooks ကို ပေးအပ်ကြောင်း အစောပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ဒီနှစ်ဆုပေးပွဲမှာ Kelly Clarkson က အစီ အစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ တိုက်ရိုက်ထုတ်လွှင့် မယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး