ဝိုင်းမော်မြို့တွင် ငှက်ပျောခြံလုပ်ကွက် စိုက်ခင်းလူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို တွေ့ရှိကသတင်းပေးရန် စက်တက်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က အကူညီတောင်းခံထားသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဒဘတ် ယန် ကျေးရွာတွင် အမျိုးသား တစ်ဦး အသတ်ခံရကြောင်း သတင်းအရရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ခဲ့သည်။
သေဆုံးသူမှာ လုံးချေ(၄၀)နှစ်ဖြစ်ပြီး ဝိုင်းမော်မြို့၊ ဒဘတ်ယန်ကျေး ရွာအတွင်းရှိ စီဆန်းစတား ကုမ္ပဏီ ငှက်ပျောခြံလုပ်ကွက် စိုက်ခင်းမှ အလုပ်သမားတစ်ဦးဖြစ်ကြောင်းသိရသည်။လုံးချေတွင် ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့် သေဆုံးနေပြီးစုံစမ်းချက်အရ ၎င်းသည် ငှက်ပျောခြံမှ အလုပ်သမား သုံးဦးနှင့် အရက်အတူသောက်စဉ် စကားများရန်ဖြစ်ခဲ့ပြီးနောက် မောင်မောင်သိန်း (၄၃) နှစ် က ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။
လူသတ်မှုကျူးလွန်ခဲ့သူ မောင်မောင်သိန်းမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပြည်သူများက တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ သတင်းပေးကြပါရန် ရဲတပ်ဖွဲ့မှူးရုံးက အကူညီတောင်းခံထားသည်။

















