ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်နေ ရင်ကွယ်ရှိုင်း (၃၃) နှစ် ဌားရမ်းနေထိုင်သည့် ဂိုထောင်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ရှာဖွေခဲ့သည်။
အဆိုပါ ဂိုထောင်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် ကျပ် ၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား ၊ ဆေးပြားရိုက်သံမို ၈၀ ချောင်း၊ ပလတ်စတစ်ကပ်ခွာအိတ် ၁၂၀၀၀ အိတ်၊ ကျပ် ၃၇.၅ သိန်းတန်ဖိုးရှိ Tartaric Acid အမှုန့် ၇၅၀ ကီလို ၊ ကျပ်သိန်း ၃၆၄၅ တန်ဖိုးရှိ Theophylline အမှုန့် ၉၀၀၀ ကီလို ၊ ကျပ် သိန်း ၁၅၀ တန်ဖိုးရှိ အရိုးမီးသွေး ၁၀၀၀ ကီလို၊ သံပေပါများဖြင့် ထည့်ထားသည့် ကျပ်သိန်း ၂၈၈ တန်ဖိုးရှိ Dimethyl Carbonate အရည် ၂၄၀၀ လီတာ ၊ ကျပ် ၉.၆ သိန်တန်ဖိုးရှိ Phosphoric Acid 10 Percent လီတာ ၊ Canda အမျိုးအစား မော်တော်ယာဉ်ပေါ်မှ တန်ဖိုးငွေကျပ် ၁၀၁၂.၅ တန်ဖိုးရှိ Theophylline အမှုန့် ၂၅၀၀ ကီလို ၊ လက်ကိုင်ဖုန်း တစ်လုံး နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်သည်။

















