အမြဲတမ်းဟန်ဆောင်မှုကင်းပြီး ပွင့်ပွင့်လင်းလင်းနေထိုင်ပြောဆိုတတ်တဲ့ Jessie က သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အစီအစဉ်တစ်ခုမှာဖွင့်ဟခဲ့ပြန်ပါတယ်။
Jessie သဘောကျနှစ်သက်တဲ့ ယောကျာ်းလေးပုံစံက အရင်လိုမဟုတ်ပဲပြောင်းလဲသွားပြီဆိုတဲ့အကြောင်းပြောပြခဲ့တာပါ။
သူမနှစ်နှစ်လောက် တွဲလာခဲ့တဲ့ချစ်သူက ရုပ်ရည်အလွန်ချောမောပေမယ့် အဆင်မပြေမှုလေးတွေကြောင့် မနှစ်ကပဲ လမ်းခွဲခဲ့ကြ တယ်လို့ ဆိုပါတယ်။
ရည်းစားဟောင်းနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ သူမကြိုက်နှစ်သက်တဲ့ စံနမူနာ ယောကျာ်း လေးပုံစံကလည်းပြောင်းလဲလာတယ်လို့ Jessie က ဆိုပါတယ်။
အရင်ကရုပ်ချောတာကိုသဘောကျပေမယ့် အခုတော့ ရုပ်ချောဖို့ထက် စိတ်နေစိတ်ထားကပိုကြီးအရေးကြီးကြောင်း သိလာခဲ့ရကြောင်းပြောခဲ့တာပါ။
Jessie က ရုပ်ချောတဲ့အမျိုးသားထက် သူမကိုနားလည်မှုအပြည့်ပေးနိုင်မယ့်အမျိုးသားကိုပဲ ရှာဖွေတော့မှာဖြစ်ကြောင်း နဲ့ သူမလိုပဲဟာသဉာဏ်ရွှင်တဲ့သူမျိုးဆို ပိုသဘောကျကြောင်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
















