အနုပညာလောကကနေ အနားယူမယ့်အကြောင်းဖွင့်ဟလာတဲ့ Jay Park
အဆိုတော် Jay Park က နောက်လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အနုပညာလောကကနေ အနားယူတော့ မယ်လို့ ပြောကြားခဲ့ပါတယ်။
Jay Park က သူ့ရဲ့သူငယ်ချင်းအဆိုတော်တွေနဲ့ စကားစမြည်ပြောထားတဲ့ ဗွီဒီယို တစ်ခု You Tube မှာ တက်လာခဲ့ပါတယ်။
ဒီဗွီဒီယိုထဲမှာ Jay Park က လာမယ့် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် လောက်အတွင်းမှာ အနုပညာရှင်ဘဝကိုစွန့်လွှတ်ပြီး အနားယူတော့မှာဖြစ်ကြောင်းနဲ့ သီချင်းတွေ၊ music video တွေနဲ့ တခြားအစီအစဉ်တွေမှာ သူပါဝင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ဒါပေမယ့် သူ့ရဲ့ Label ကတော့ အခု အတိုင်းပဲ ရှေ့ဆက်သွားနေမှာဖြစ်တယ်လို့သိရပါတယ်။
Jay Park အနေနဲ့ အခုလိုအနားယူဖို့ပြောလာတာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ အရင်တုန်းကလည်းတွစ်တာမှာတစ်ခါပြောခဲ့ဖူးတာကြောင့် အမှန်တကယ်အနားယူဖို့ ဆုံးဖြတ်ထားပုံရပါတယ်။
















