SF9 အဖွဲ့ဝင် Hwiyoung နဲ့ (G)I-DLE အဖွဲ့ဝင် Miyeon တို့က ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
“Replay” လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်မှာဖြစ်ပြီး ရိုက်ကူးရေးလည်း စတင် နေပြီလို့သိရပါတယ်။
“Dating Class” နဲ့ “The Guilty Secret” ဆိုတဲ့ ဝက်ဘ်ဒရာမာတွေမှာပါဝင်သရုပ်ဆောင် ခဲ့တဲ့ မင်းသားအသစ် Kim Min Chul က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်လာမှာဖြစ်ပြီး Miyeon ကတော့ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမှာပါ။
Miyeon ဟာ ၂၀၁၈ ခုနှစ်မှာ (G)I-DLE အဖွဲ့ဝင်အဖြစ် ပွဲဦးထွက် ခဲ့ပြီး “I Am” ဆိုတဲ့ ပထမဆုံးမီနီအယ်လ်ဘမ်ထွက်ရှိထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Miyeon အတွက် ပထမဆုံးသရုပ်ဆောင်ရမယ့်ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။
“Replay” ဇာတ်ကားကိုတော့ ဒီနှစ် ဒုတိယ နှစ်ဝက်မှာထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
















