ကလေးယူမယ့်အစီအစဉ်ကိုဖွင့်ဟခဲ့တဲ့ Mew Nittha

ကလေးယူမယ့်အစီအစဉ်ကိုဖွင့်ဟခဲ့တဲ့ Mew Nittha

ထိုင်းမင်းသမီးချောလေး Mew Nittha ကတော့ သူမရဲ့မိသားစုနဲ့ပတ်သက်တဲ့ အနာဂတ်အစီအစဉ်ကို ဖွင့်ဟခဲ့ ပါတယ်။

သူမဟာ ဒီနှစ်အစောပိုင်းဖြစ်တဲ့ ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ Hi-so Shane က ရင်သွေးလေးလိုချင်နေပြီဖြစ်ပေမယ့် Mew Nittha က အနုပညာအလုပ်တွေဆက်လုပ်ချင်သေးတာ ကြောင့် ကလေးမယူသေးဖို့ကိုနားချထားရတယ်လို့ဆိုပါတယ်။

ဒါကြောင့် လောလောဆယ်မှာတော့ ကလေး ယူဖို့ အစီအစဉ်မရှိသေးပဲ နောက်နှစ်နှစ်လောက်မှပဲ ယူဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။

Mew Nittha ကတော့ "Suparburoot Jutathep: Khun Chai Pawornruj" ဇာတ်လမ်းတွဲနဲ့ ၂၀၁၃ ခုနှစ်မှာ အနုပညာလောကထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာဇာတ်ကားတွေ ဆက်တိုက်ဆိုသလိုရိုက်လာရပြီး သူမရဲ့ "One Day" ရုပ်ရှင်ကလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ပိုမိုရရှိစေခဲ့တဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။

လက်ရှိ မှာလည်း Thai TV3 မှာ ထုတ်လွှင့်ပြသမယ့် James Ma နဲ့အတူ ဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးနေတယ်လို့ သိရပါတယ်။  



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး