ရိုက်ကူးရေးပြန်လည်စတင်တော့မယ့် "Stranger Things" Season 4

ရိုက်ကူးရေးပြန်လည်စတင်တော့မယ့် "Stranger Things" Season 4

Netflix ရဲ့ ဇာတ်လမ်းတွဲတွေထဲက ကြည့်ရှုသူနှုန်းအများဆုံးဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ "Stranger Things" ကတော့ မကြာခင်မှာပရိသတ်ဆီပြန်လာနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

"Stranger Things" Season 4 ရိုက်ကူးရေးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လကတည်းကရပ်နားထားရတာဖြစ်ပါတယ်။

အခုတော့ "Stranger Things" Season 4 အတွက် ဇာတ်ညွှန်းတွေလည်း ဇွန်လကတည်းကအပြီးရေးပြီးပြီဖြစ်တာကြောင့် ရိုက်ကူးရေးပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။

အခု စက်တင်ဘာလ ၂၈ ရက်နေ့မှာပဲ ရိုက်ကူးရေးပြန်လည်စတင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

အပိုင်းဘယ်နှစ်ပိုင်းပါဝင်လာမယ်ဆိုတာ အတိအကျမပြောသေးပေမယ့် အနည်းဆုံး ၈ ပိုင်းလောက် ပါဝင်လာမှာပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Winona Ryder, David Harbour, Finn Wolfland, Millie Bobby Brown တို့အဓိကပါဝင်ထားပြီး တခြား သရုပ်ဆောင်များစွာလည်း ပါဝင်လာမှာပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး