ပန်းတောင်းမြို့နယ်တွင် ယာဉ်အတွင်း အံဝှက်ပြုလုပ်၍ သိန်း ၃၀၂၄၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်လာသူကိုဖမ်းဆီးခဲ့ပြီး ကွင်းဆက် စုံစမ်းလျက်ရှိ ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၂၆ ရက်ည ၉ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ဘက်မှ တောင်ကုတ်ဘက်သို့ ၊လားရှိုးမြို့၊စေတနာရပ်ကွက် နေ ယာဉ်မောင်း စိုင်းသော်စိုး ၄၁ နှစ် ၊မောင်းနှင်သည့်HYUNDAIအမျိုးအစားအဖြူရောင်ယာဉ်ကိုညောင်ကျိုးပူးပေါင်းစစ်ဆေးရေးဂိတ်တွင်အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)မှဒုရဲမှူးဖုန်းကျော်ဦး၊ ညောင်ကျိုးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်သိန်းကျော် နှင့် ပူးပေါင်း အဖွဲ့က ပိတ်ဆို့စစ်ဆေးခဲ့သည်။ အဆိုပါယာဉ်၏ခေါင်းခန်းအတွင်းခရီးဆောင်ကျောပိုးအိတ်အတွင်းမှဝက်ဝံနှစ်ကောင်ပုံ အပြာရောင်ပလပ်စတစ် ပါကင်အိတ်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ R စာတမ်းပါ နီညိုရောင် စိတ်ကျရူးသွပ် ဆေးပြား ၆၀၀၀ ခန့်ကို တွေ့ရှိခဲ့သည်။
ယာဉ်ကိုအသေးစိတ်စစ်ဆေးရာမော်တော်ယာဉ်နောက်ခန်းကြမ်းခင်းတွင်အံဝှက်ပြုလုပ်သယ်ဆောင်လာသောအနက်ရောင်ပလပ်စတစ်အိတ်ငယ်များဖြင့် ထုပ်လျက် အတွင်းတွင် အဝါရောင်စက္ကူဖြင့် ပတ်ထားသောအပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်များအတွင်း WY နှင့် R စာတမ်းပါလိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ ပြားပါ ၁၄၁ ထုပ်နှင့် အဝါရောင် မှိုင်းခံစက္ကူဖြင့် ထုပ်လျက် ဆေးပြား ၂,၀၁၀,၀၀၀ ပြား၊စုစုပေါင်းဆေးပြား ၂,၀၁၆,၀၀၀ ပြား၊ ဆေးပြားတစ်ပြားလျှင် ဒေသကာလတန်ဖိုး ၁၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၀,၂၄၀ သိန်းဖိုးကို တွေ့ရှိသိမ်း ဆည်းခဲ့သောကြောင့် ယာဉ်မောင်း စိုင်းသော်စိုးနှင့်မူးယစ်ဆေးဝါးများသယ်ဆောင်ရန် ပေးအပ်လိုက်သော ကွင်းစက်ကျူးလွန်သူတို့ကို အရေးယူပေးရန် စက်တင်ဘာ ၂၇ ရက်နေ့တွင် တိုင်ကြားခဲ့သည်။
ဥသျှစ်ပင်နယ်မြေရဲစခန်းမယ(ပ)၄/၂၀၂၀မူးစိတ်ပုဒ်မ၁၉(က)/၂၁ဖြင့်အမှု့ဖွင့်ကာ ကွင်းဆက် ကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

















