လှိုင်မြို့နယ်ရှိ မင်းဓမ္မပညာ့ရိပ်သာ Quarantine Center တွင် Quarantine ဝင်ရောက်နေသည့် အသက် (၂၈ )နှစ်အရွယ် မူးယစ်ရဲတပ်ဖွဲ့ ဝင်တစ်ဦး တိုက်ပေါ်မှပြုတ်ကျ သေဆုံးမှုကို သေမှုသေခင်းဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် သိရသည်။
ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် အဆိုပါအဆောက်အဦး၏ ၄ လွှာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"သေဆုံးသွားသူက အရက်စွဲနေတဲ့သူလို့လည်း သိရတယ်။ ဟုတ်မဟုတ်ဆိုတာတော့ စိစစ်နေပါတယ်။ သူက စိတ်ကျဉ်းကြပ်တယ်ဆိုပြီး လေးလွှာပေါ်က ခုန်ချသွားတာ " ဟုသိရကြောင်း ရဲအရာရှိက ပြောသည်။
" Quarantine ဝင်နေတဲ့သူ တိုက်ပေါ်ကပြုတ်ကျလို့ သတင်းရရခြင်းကျွန်တော်တို့သွားပြီး ကူညီပေးတယ်။ ဟိုရောက်တော့ သေဆုံးနေတာသိရတဲ့အတွက် နာရေးတင်တဲ့ယာဉ်နဲ့ ဆေးရုံကို့ပို့ပေးခဲ့တယ်"ဟု အနောက်ပိုင်းခရိုင်လူမှုကယ်ဆယ်ရေး အသင်း အနောက်ပိုင်းခရိုင်မှူး ကိုလွင်မောင်က ပြောသည်။အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့်ပတ်၍ လှိုင်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်မြို့နယ်တိုင်းဒေသကြီးအမှတ် ၁ လွတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ ကြားသိရသော်လည်း အသေးစိတ်မသိရ သေးကြောင်းဖြေကြားခဲ့သည်။

















