ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ အမှုစစ်ဆေးစီရင်မှုကို စက်တင်ဘာ ၂၈ မှစ၍ ခေတ္တရပ်ဆိုင်း

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ အမှုစစ်ဆေးစီရင်မှုကို စက်တင်ဘာ ၂၈ မှစ၍ ခေတ္တရပ်ဆိုင်း

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ အမှုစစ်ဆေးစီရင်မှုကို စက်တင်ဘာ ၂၈ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ Covid-19 ကူးစက်သူဦးရေနှင့် သေဆုံးသူဦးရေ အရေအတွက် စာရင်းမှာ နေ့စဉ်ရက်ဆက် မြင့်တက်လာသဖြင့် ကိုကိုးကျွန်း မြို့နယ် မပါ ကျန် ၄၄ မြို့နယ်အတွင်းရှိ ပြည်သူများမှာ နေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်၌ အကျုံးဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေညာထားသည်။

ဖြစ်ပွားလျက်ရှိသည့် Covid-19 အဆုတ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ စက်တင်ဘာ ၂ ရက်အထိ ကြိုတင်သတိပေးမှု ခေါ်စာရင်း၌ ကြားနာရန်ကြေညာထားသော ရာဇဝတ်ဆိုင်ရာအမှုများ၊ တရားမဆိုင်ရာ အမှုများကို နောက်ထပ်ကြေညာချက်မ ထုတ်ပြန်မီအချိန်ထိ ရွှေ့ဆိုင်းထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး