ဒီဇင်ဘာလမှာရုံတင်ပြသမယ့် “Ai … Kon Lor Luang”
ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားနဲ့မင်းသမီးတွေဖြစ်ကြတဲ့ Nadech Kugimiya နဲ့ Baifern Pimchanok တို့ရဲ့ ရုပ်ရှင်အသစ် ဒီနှစ်ထဲမှာထွက်ဖို့ရှိနေပါတယ်။
ရုပ်ရှင်နာမည်ကတော့ “Ai … Kon Lor Luang” ဖြစ်ပြီး အချစ် ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်ပါတယ်။
ဒီဇာတ်ကားကို အာရှတစ်လွှားမှာနာမည်ကြီးခဲ့တဲ့ “I Fine Thank You Love You” ရဲ့ ဒါရိုက်တာက ရိုက်ကူးပေးထားတာပါ။
“Ai … Kon Lor Luang” မှာ Nadech Kugimiya နဲ့ Baifern Pimchanok တို့အပြင် Mam Kathaleeya, Bank Thiti, DJ Phuak Pongsaton တို့လည်း ပါဝင်ထား ပါတယ်။
ဒီဇာတ်ကားကို ၂၀၂၀ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသမယ်လို့သိရပါတယ်။
















