ထိုင်းနိုင်ငံကပြုလုပ်တဲ့ဆုပေးပွဲမှာ ဆုနှစ်ဆုရရှိခဲ့တဲ့ GOT7
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံမှာ LINE application က ကျင်းပခဲ့တဲ့ “LINE Thailand People’s Choice Award 2020” အခမ်းအနားမှာ ကေပေါ့ပ်အဖွဲ့ GOT7 က ဆုနှစ်ဆုရရှိခဲ့ပါတယ်။
ရရှိခဲ့တဲ့ဆုတွေကတော့ “Artist of the Award” နဲ့ “Most Downloaded Official Stickers” ဆုတို့ပဲဖြစ်ပါတယ်။
GOT7 ရဲ့ စတစ်ကာ တွေကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက LINE application မှာ ရရှိခဲ့တာပါ။
GOT7 ရဲ့ စတစ်ကာတွေကို download ဆွဲခဲ့သူအများဆုံးဖြစ်ခဲ့တာကြောင့် အခုလိုမျိုးဆုရရှိခဲ့တာပဲဖြစ်ပါတယ်။
GOT7 အဖွဲ့ဟာ COVID-19 ရောဂါပျံ့နှံ့မှုတွေကြောင့် ဆုပေးပွဲကိုမတက်ရောက်ဖြစ်ခဲ့ပဲ ကျေးဇူးတင်စကားကို အွန်လိုင်းကနေပဲ ပြောကြားခဲ့ပါတယ်။
















