Virtual Entertainment ရင်းနှီးမြှုပ်နှံလိုက်တဲ့ The Chainsmokers

Virtual Entertainment ရင်းနှီးမြှုပ်နှံလိုက်တဲ့ The Chainsmokers

ဂရမ်မီဆုရှင် The Chainsmokers ကတော့ virtual entertainment အတွက် ရင်းနှီးမြှုပ်နှံလိုက်ပြီလို့ သိရပါတယ်။

ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂီတဖျော်ဖြေပွဲတွေအားလုံးနီးပါး ဖျက်သိမ်းခဲ့ရပြီး Virtual Festival နဲ့ Virtual Concert တွေကို အစားထိုးပြုလုပ်လာကြပါတယ်။

ဒါကြောင့်မို့ The Chainsmokers ကလည်း virtual entertainment အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံလိုက်တာဖြစ်ပါတယ်။

ဒီပမာဏ ဟာ virtual entertainment အတွက် ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ငွေပမာဏအများဆုံးမြှုပ်နှံမှုလည်းဖြစ်ပါတယ်။

The Chainsmokers တစ်ယောက် အခုလိုမျိုးရင်းနှီးမြှုပ်နှံလိုက်တာကြောင့် virtual entertainment ဘက်မှာပဲ အားစိုက်ထုတ်ပြီး ကိုဗစ်အလွန်ကာလမှာ world tour မလှည့်တော့မှာကို ပရိသတ်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး