ဘောလုံးအသင်းဝယ်ဖို့စီစဉ်နေတဲ့ Ryan Reynolds

ဘောလုံးအသင်းဝယ်ဖို့စီစဉ်နေတဲ့ Ryan Reynolds

Deadpool မင်းသား Ryan Reynolds တစ်ယောက် ဘောလုံးအသင်းဝယ်ဖို့ ကြံရွယ်နေတယ်လို့သိရပါတယ်။

Ryan Reynolds က သူတစ်ယောက်တည်းမဟုတ်ပဲ Rob McElhenney နဲ့အတူ ဘောလုံးအသင်းဝယ်ယူဖို့ စီစဉ်နေတာပါ။

Rob McElhenney ကတော့ “Always Sunny in Philadelphia” မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။

သူတို့ဝယ်ယူချင်နေတဲ့အသင်းကတော့ Wrexham FC ပဲ ဖြစ်ပါတယ်။

Wrexham FC ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ fifth-tier အသင်းတစ်သင်းဖြစ်ပြီး လက်ရှိမှာတော့ Ryan Reynolds, Rob McElhenney တို့နဲ့အတူ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ သရုပ်ဆောင် ဘက်မှာတင် အားစိုက်ထုတ်ရုံတင်မကပဲ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမှာပါ စိတ်အားထက်သန်နေတာဖြစ်ပါ တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး