ကျောက်မဲမြို့တွင် ကိုဗစ် ၁၉ ကော်မတီ၏ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်၍ ကေတီဗီဆိုင်ဖွင့်လှစ်လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူထားကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ၂၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင်၊ကျောက်မဲမြို့၊ရပ်ကွက်(၂)၊နယ်မြေ(၁၂)၊စပ်စံထွန်းလမ်းရှိ လမင်းအိမ် KTV သို့အမိန့်၊ညွှန်ကြားချက်၊တားမြစ်ချက်တို့ နှင့်အညီပိတ်သိမ်းခြင်းရှိ၊မရှိကိုမြို့နယ်Covid-19ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှဦးသောင်းထွဋ်လင်းနှင့်ပူးပေါင်းပါဝင်သည့်အဖွဲ့မှက ထပ်မံစစ်ဆေးခဲ့သည်။
အဆိုပါ KTV ဆိုင်အတွင်း၌သီချင်းသီဆိုအလုပ်သမားများဖြစ်သည့်၊ငပုတောမြို့နယ်နေ နန္ဒာအောင် (၁၉)နှစ်၊ကော့မှုးမြို့နယ်နေ အေးချယ်ရီမင်း(၂၈)နှစ်၊ငပုတောမြို့နေ ပိုးထက်ပန်(၁၈)နှစ်၊ ငရုပ်ကောင်းမြို့နယ်နေ အင်ကြင်းပွင့်(၂၀) နှစ် (၄)ဦးတို့ကို မြို့နယ်Covid.19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏အစီအစဉ်ဖြင့်အသွင်ယူစေလွှတ်ထားရှိသူအမျိုးသား (၄)ဦးနှင့်အတူ အခန်းအတွင်းအတူတကွထိုင်နေကြသည်ကိုတွေ့ရှိခဲ့သည်။
မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်တို့ ကို၎င်းတာ၀န်ယူရသည့်ရပ်ကွက်((၂)တွင်းရှိ KTVဆိုင်များကို ထပ်ဆင့်အသိပေး လက်မှတ်ရေးထိုး စေ၍ရပ်ကွက်အုပ်ချုပ်ရေးမှူးစိုင်းစံညွှန့်မှပိတ်သိမ်းစေခဲ့သည်အပေါ် ဖောက်ဖျက်ခဲ့ကြောင်းစီစစ်တွေ့ရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
KTV ဆိုင်ပိုင်ရှင်ဖြစ်သူဒေါ်သက်ထား၊(၄၆)နှစ် နှင့်အတူသီချင်းသီဆိုအလုပ်သမားအမျိုးသမီး(၄)ဦးတို့ကိုကျောက်မဲမြို့မရဲစခန်းတွင်(ပ)၉၇/၂၀၂၀ ၂၀၁၃ခုနှစ်သဘာဝဘေး အန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅ ဖြင့်အမှုဖွင့်အရေးယူထားသည်။

















