Go Kyung Pyo ရဲ့ မိခင်ကွယ်လွန်

Go Kyung Pyo ရဲ့ မိခင်ကွယ်လွန်

သရုပ်ဆောင် Go Kyung Pyo ရဲ့ မိခင်ကွယ်လွန်သွားကြောင်း သူ့ရဲ့အေဂျင်စီ CL&L က ကြေညာခဲ့ပါတယ်။ 

လက်ရှိမှာတော့ Go Kyung Pyo က မိခင်ကိုဆုံးရှုံးလိုက်ရတာကြောင့် အလွန်ဝမ်းနည်းပူဆွေးနေတယ်လို့ ဆိုပါ တယ်။

JTBC မှာ ထုတ်လွှင့်ပြသမယ့် “Private Lives” ဒရာမာရိုက်ကူးနေမှုကိုလည်း ရပ်တန့်လိုက်ရပြီး မိခင် ဖြစ်သူရဲ့ဈာပနပွဲနဲ့ ရက်ညှိပြီးမှ ပြန်လည်ရိုက်ကူးမယ်လို့သိရပါတယ်။

Go Kyung Pyo ဟာ လောလောဆယ် မှာ ဆိုးလ်မြို့ စီချွန်းမှာရှိတဲ့နာရေးအိမ်မှာဖြစ်ပါတယ်။

သူ့ရဲ့အနုပညာလောကက လုပ်ဖော် ကိုင်ဖက်တွေနဲ့ ပရိသတ်တွေကလည်း Go Kyung Pyo နဲ့ သူ့ရဲ့မိသားစုအတွက် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဝမ်းနည်း ကြောင်း ဖော်ပြခဲ့ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး