ဒီနှစ်ထဲမှာ အခွေထွက်နိုင်ဖို့ပြင်ဆင်နေတဲ့ Wonho

ဒီနှစ်ထဲမှာ အခွေထွက်နိုင်ဖို့ပြင်ဆင်နေတဲ့ Wonho

စက်တင်ဘာလ ၂၇ ရက်နေ့တုန်းက Wonho က အွန်လိုင်းတစ်ကိုယ်တော်ဖျော်ဖြေပွဲကိုကျင်းပခဲ့ပြီး သူ့ရဲ့ နောက်ထွက်ဖို့ရှိတဲ့အယ်လ်ဘမ်အတွက် ပြင်ဆင်နေတာတွေ ပြီးလုနီးပါးဖြစ်နေပြီဆိုတဲ့အကြောင်းကိုပါ ပြော သွားခဲ့ပါတယ်။

သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Highline Entertainment က ဒီနှစ်ထဲမှာ Wonho က comeback လာဖို့ ပြင်ဆင်နေတဲ့အကြောင်းကို အတည်ပြုသွားခဲ့ပါတယ်။

ရက်အတိအကျကိုတော့ အခုထိမသတ်မှတ်ရသေးဘူး လို့ဆိုပါတယ်။

သူ့ရဲ့နောက်ထွက်မယ့်အယ်လ်ဘမ်မှာ “FLASH” ဆိုတဲ့သီချင်းကတော့ သေချာပေါက်ပါဝင်လာ မှာပါ။

ဒီသီချင်းကို သူ့ရဲ့ဖျော်ဖြေပွဲမှာတုန်းကလည်း သီဆိုသွားခဲ့ဖူးပါတယ်။

Wonho ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ “Love Synonym #1 : Right for Me” သီချင်းနဲ့ တစ်ကိုယ်တော်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး