JTBC ကနေ ထုတ်လွှင့်ပြသမယ့် “Run On” လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေရာမှာ ရိုက်ကွင်းကဝန်ထမ်းတစ်ယောက် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။
ဒီဇာတ်ကားမှာ Girls’ Generation အဖွဲ့ဝင် Soo Young နဲ့ Kang Tae Oh တို့နဲ့အတူ Im Siwan နဲ့ Shin Se Kyung တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ထုတ်လုပ်ရေးဘက်ကဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ကြောင်းသိရပြီးနောက်မှာ တော့ တရားဝင်ကြေညာခဲ့ပြီး ရိုက်ကူးရေးတွေကိုချက်ချင်းရပ်နားခဲ့ပါတယ်။
သရုပ်ဆောင်တွေအပါအဝင် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကို တစ်နေရာတည်းမှာ quarantine ထားထားပြီး ဆေးစစ်မှုတွေဆက်လက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။
Soo Young ကတော့ ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့မှုမရှိတာကြောင့် ဆေးစစ် ရမယ့်စာရင်းထဲမှာ မပါဝင်ခဲ့ဘူးလို့ အေဂျင်စီကပြောပါတယ်။
















