“Peter Pan & Wendy” ကို ရုပ်ရှင်ပြန်လည်ရိုက်ကူးရာမှာ Tinker Bell နေရာမှာသရုပ်ဆောင်မယ့်သူကို ရှာပုံတော်ဖွင့်တဲ့ဇာတ်လမ်းကတော့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
Tinker Bell နေရာမှာပါဝင်ဖို့ Yara Shahidi ကို Disney က ရွေးချယ်လိုက်ကြောင်းကြေညာခဲ့တာပါ။
Yara Shahidi ကတော့ “Grown-ish” ဇာတ်ကားမှာ ပါဝင်သရုပ်ခဲ့သူဖြစ်ပါတယ်။
Captain Hook နေရာမှာ Jude Law နဲ့ Wendy နေရာမှာ Ever Anderson တို့က ပါဝင်သရုပ်ဆောင်ဖို့အတည်ပြုထားပါတယ်။
ရိုက်ကူးပေးမှာကတော့ Pete’s Dragon ရဲ့ ဒါရိုက်တာ David Lowery ပဲ ဖြစ်ပါတယ်။
အစကတော့ Margot Robbie လို နာမည်ကြီးသရုပ်ဆောင်တွေကို ရွေးချယ်မယ်လို့နာမည်ထွက်ခဲ့ပေမယ့် တကယ်တမ်းရွေးချယ်လိုက်ချိန်မှာတော့ လူမည်းသရုပ်ဆောင်ဖြစ်နေပြန် တာကြောင့် Disney က ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပြန်ပါတယ်။
















