Avatar 2 ရုပ်ရှင်ရိုက်ကူးမှု ရာနှုန်းပြည့်ပြီးစီး

Avatar 2 ရုပ်ရှင်ရိုက်ကူးမှု ရာနှုန်းပြည့်ပြီးစီး

၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Avatar ရုပ်ရှင်ကတော့ Box Office မှာ ထိပ်ဆုံးမှာ အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့ပြီး မကြာသေးခင်ကမှ “Avengers: Endgame” ကို နံပါတ်တစ်နေရာလွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Avatar ရဲ့ နောက်ထပ်ခြေလှမ်းသစ်ဖြစ်တဲ့ Avatar 2 ရုပ်ရှင်ရိုက်ကူးမှုကလည်း အခုအားလုံးပြီးစီး သွားပြီလို့သိရပါတယ်။

ဒါပေမယ့် နောက်ထပ် ထပ်ထွက်ဖို့ရှိတဲ့ဇာတ်လမ်းတွေကိုလည်း ဆက်လက်ရိုက်ကူး နေပြီး Avatar 3 အတွက် ရိုက်ကူးရေး ၉၅ ရာခိုင်နှုန်းအထိပြီးစီးနေပြီလို့ တရားဝင်ပြောကြားခဲ့ပါတယ်။

Avatar နောက်ဆက်တွဲရုပ်ရှင်တွေကို လောလောဆယ်မှာ နယူးဇီလန်နိုင်ငံမှာရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ရိုက်ကူးရေးအတော်များများဟာ COVID-19 ကူးစက်ရောဂါပျံ့နှံ့နေမှုတွေကြောင့် ဆိုင်းငံ့ထားခဲ့ရပြီး Avatar ရုပ်ရှင်ကတော့ COVID-19 ရဲ့ ဆိုးကျိုးသက်ရောက်မှုအနားဆုံးဖြစ်တဲ့ နယူးဇီလန်နိုင်ငံမှာသွားရောက်ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။

ဒါဟာ သိပ်မကြာခင်အချိန်အတွင်းမှာ Avatar ရုပ်ရှင်တွေထပ်ထွက်လာဖို့အလားအလာ ရှိနေတာကြောင့် Avatar ပရိသတ်တွေအတွက်တော့ သတင်းကောင်းလို့ပြောလို့ရပါတယ်။

Avatar 2 ကိုလည်း ဒါရိုက်တာ James Cameron ကပဲ ရိုက်ကူးပေးထားတာဖြစ်ပြီး all-time box office နံပါတ်တစ်နေရာကို ပြန်လည်ရယူဖို့ အသေအချာပြင်ဆင်လာမယ်လို့ ခန့်မှန်းရပါတယ်။

Avatar 2 မှာ Sam Worthington, Vin Diesel, Zoe Saldana, Kate Winslet တို့အပြင် တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။

Avatar 2 ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး Avatar 3 ကိုတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ လျာထားတာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး