မြန်အောင်မြို့နယ်တွင် ငွေ ၁၂၀၀ ပျောက်သည်ဟုစွပ်စွဲခဲ့သူကိုဝါးတုတ်နှင့်ရိုက်ရာက သေဆုံးခဲ့သည်ဆိုမှုကို အရေးယူထားကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၂၇ရက် နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင်မြန်အောင်မြို့နယ်၊လက်ပံကွင်း ကျေးရွာ အုပ်စုညောင်ကျီးပေါင်း ကျေးရွာနေဦးစံလှနေအိမ်တွင်ရှိနေစဉ် ဂုံညှင်းတန်းကျေးရွာ၊ဆင်လူးအိုင်ကွင်းတွင်မြေပဲစိုက်ပျိုးလုပ်ကိုင်သူတစ်ရွာထဲနေဦးကျင်က ဦးစံလှ၏သားဖြစ်သူချစ်မျိုးအောင်(၃၁)နှစ်ဦးခေါင်းတွင်သွေးထွက်ဒဏ်ရာများရရှိထားကာအင်ပင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။အင်ပင်တိုက်နယ်ဆေးရုံသို့သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ချစ်မျိုးအောင်တွင်ဦးခေါင်းယာဘက်ဂျိုစောင်းပေါက်ပြဲ၊နဖူးဝဲဘက်ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊တို့ရရှိထားကြောင်းတွေ့ရသည်။
သားဖြစ်သူကိုမေးမြန်းရာဂုံညင်းတန်းကျေးရွာသို့လှည်းဖြင့်မြေပဲသွားရောက်ရောင်းချခဲ့ကြောင်း၊ဆင်သေဘက်မှမြေပဲ၀ယ်လာသောကားတွင်လိုက်ပါလာသူနေ့စားအလုပ်သမားကျော်မျိုးသက်၊မျိုးမင်းကိုကိုတို့ကို၎င်း၏လှည်းပေါ်ပါလာသည့်ငွေ ၁၂၀၀ ကျပ်ပျောက်သည့်ကိစ္စစွပ်ဆွဲပြောဆိုခဲ့ရာကတစ်ယောက်တစ်ခွန်းစကားများခဲ့ကြောင်း၊ကျောက်တောင်ရွာနေ ကျော်မျိုးသက် ၂၀ နှစ်ကချစ်မျိုးအောင်လှည်း ပေါ်ပါလာသည့်ထီးရိုးဝါးနှင့်ရိုက်ခဲ့ရာကဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အင်ပင်နယ်မြေရဲစခန်း(ပ)၃၃၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရအမှုရေးဖွင့်ကာဒုရဲအုပ်မြင့်ကေခိုင်ကစုံစမ်းစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျော်မျိုးသက် ကိုည၇နာရီ၂၀မိနစ် အချိန်တွင်ဖမ်းဆီးခဲ့သည်။
စစ်ဆေးချက်အရ၎င်းသည် ဆင်သေရွာဘက်မှမြေပဲ၀ယ်သောကားနှင့်ပါလာသည့်၊နေ့စားအလုပ်သမား ဖြစ်ကြောင်း၊ကားပေါ်မြေပဲတင်ရန်လိုက်လာရာနွားလှည်းပိုင်ရှင်ချစ်မျိုးအောင်ကမူးနေကာ၎င်းတို့ကိုသူ့လှည်းပေါ်ကငွေ(၁၂၀၀)ကျပ်ပျောက်ကြောင်းနှင့်မင်းတို့ပဲရှိတာဟုစွပ်စွဲပြောကြားသဖြင့်ဒေါသထွက်ကာ၎င်း၏လှည်းပေါ်ပါလာသောဝါးတုတ်နှင့်ပင်ရိုက်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
၎င်းနှင့်အတူပါလာသောမိုးမြင့်အောင်(၃၃)နှစ်ကလည်းအခင်းဖြစ်ချိန်ကချစ်မျိုးအောင်ကိုလက်သီးနှင့်တစ်ချက်၀င်ထိုးခဲ့ကြောင်းထွက်ဆိုခဲ့သည်။၊ချစ်မျိုးအောင်မှာရရှိသည့်ဒဏ်ရာများမှာမသက်သာသောကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၂၈ရက်နံနက်၈နာရီခွဲအချိန်သေဆုံးသွားခဲ့သည်။
သက်ဆိုင်ရာကမူလရေးဖွင့်ထားသောရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ မှ ၃၀၂ သို့ပြောင်းလဲအမှုရေးဖွင့်ကာအရေးယူထားသည်။

















