လီဗာပူးကွင်းလယ်လူအယ်လ်ကန်တာရာသည် COVID-19 ကူးစက်ခံထားရပြီး လက်ရှိတွင် အစိုးရ၏ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ သီးခြားနေထိုင်ရဟု ကလပ်က ထုတ်ပြန်ခဲ့သည်။
ဘိုင်ယန်မြူးနစ်မှ ပေါင်သန်း ၂၀ ဖြင့်ပြောင်းရွေ့လာသော အသက် ၂၉ နှစ်အရွယ် စပိန်သားအယ်လ်ကန်တာရာသည် ချယ်ဆီးအား အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်အဖြစ်ပွဲဦးထွက်၍ ခြေစွမ်းပြခဲ့သည်။
သို့သော် အယ်လ်ကန်တာရာသည် အာဆင်နယ်နှင့်ပွဲကို လွဲချော်ခဲ့ရာ လီဗာပူးနည်းပြကလော့ပ်က ကြံ့ခိုင်မှုမပြည့်ဝ၍ဖြစ်ကြောင်း ဆိုခဲ့သည်။ လက်ရှိ၌ သီးခြားနေထိုင်နေထိုင်နေရသော အယ်လ်ကန်တာရာသည် ဗီလာနှင့်အဝေးကွင်းပွဲ၌ ပါဝင်နိုင်မည်မဟုတ်ပေ။
၎င်းသည် နိုင်ငံတကာပွဲများအပြီး အောက်တိုဘာ ၁၇ ရက်တွင်ကစားမည့်အဲဗာတန်နှင့်မာဆေးဆိုက်ဒ်ဒါဘီပွဲတွင်မူ ပြန်လည်ပါဝင်မည်ဟု ယုံကြည်ရသည်။
ပရီးမီးယားလိဂ်သည် သြဂုတ်မှစက်တင်ဘာအတွင်း COVID-19 စစ်ဆေးမှုလေးကြိမ် ပြုလုပ်ခဲ့ရာ ၂၀ ဦး Positive ဖြစ်ခဲ့သည်။















