BTS အဖွဲ့က သူတို့ရဲ့အခွေအသစ်နဲ့ပတ်သက်တဲ့အသေးစိတ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Weverse နဲ့ တွစ်တာကနေတစ်ဆင့် ကြေညာပေးခဲ့ပါတယ်။
အခွေရဲ့နာမည်ကတော့ “BE” ဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လယ် ၂ နာရီ (အရှေ့တိုင်းစံတော်ချိန် ညသန်းခေါင်ယံ ၁၂ နာရီအတိ) မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။
အယ်လ်ဘမ်က deluxe edition အနေနဲ့ ထွက်လာမှာဖြစ်ပြီး BTS အဖွဲ့စတင်ချိန်ကနေ အခုအချိန်အထိ update အကြောင်းအရာတွေလည်း ပါလာမယ် လို့သိရပါတယ်။
ဒီနှစ်အတွင်းမှာ BTS က vlogs တွေလည်း ရိုက်ကူးထားတာကြောင့် အခုထွက်လာမယ့် အခွေထဲမှာ သမားရိုးကျလိုမျိုးသီချင်းတွေပဲပါလာမှာမဟုတ်ပဲ ဖျော်ဖြေပွဲကပုံရိပ်တွေ ပါ ပါလာဖို့ရှိနေပါတယ်။
“BE” deluxe edution ကြိုတင်မှာယူမှုကိုတော့ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက စတင်လက်ခံနေတာဖြစ်ပါတယ်။
















