Jun Jin ရဲ့ မင်္ဂလာပွဲ အောင်မြင်စွာကျင်းပပြီးစီး 

Jun Jin ရဲ့ မင်္ဂလာပွဲ အောင်မြင်စွာကျင်းပပြီးစီး 

Shinhwa အဖွဲ့ဝင် Jun Jin ကတော့ လက်ထပ်သွားပြီဖြစ်ပါတယ်။

သူလက်ထပ်တော့မယ့်အကြောင်းကို နွေရာသီအစောပိုင်းကတည်းကကြေညာခဲ့ပြီး လေယာဉ်မယ်လေးတစ်ယောက်နဲ့လက်ထပ်သွားတာ ဖြစ်ပါ တယ်။

မင်္ဂလာပွဲကိုစက်တင်ဘာလအစောပိုင်းမှာကျင်းပဖို့စီစဉ်ခဲ့ပေမယ့် COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းကမှ တရားဝင်အကြင်လင်မယားဖြစ်ခဲ့ကြတာပါ။

မင်္ဂလာဆောင်အတွက် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာမျှဝေခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ မိသားစုဝင်တွေ၊ ရင်းနှီးသူတွေလောက်နဲ့ပဲ လူသိသိပ်မများတဲ့နေရာမှာကျင်းပခဲ့တယ်လို့သိရပါတယ်။

နောက်ထပ် Shinhwa အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Dong Wan က မင်္ဂလာပွဲအတွက် ဂုဏ်ပြုသီချင်းကိုသီဆိုပေးခဲ့ပြီး Jun Jin နဲ့ Insooni တို့လည်း သီချင်းတွေသီဆိုခဲ့ကြတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး