ပြီးခဲ့တဲ့လတုန်းက Justin Bieber နဲ့ Chance The Rapper တို့က အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ လူတွေအကြောင်းကိုရေးဖွဲ့သီဆိုထားတဲ့ “Holy” ဆိုတဲ့ သီချင်းထွက်လာခဲ့ပါတယ်။
ဒီသီချင်းကိုဖန်တီးပြီးနောက် မှာ Justin Bieber နဲ့ Chance The Rapper တို့က အလှူတစ်ခုလုပ်ဖို့စီစဉ်နေပါတယ်။
သူတို့ဟာ တကယ် ခက်ခဲပြီးငွေကြေးလိုအပ်နေတဲ့ကိုလှူချင်တာဖြစ်ပါတယ်။
သူတို့လှူဒါန်းရမယ့်သူကိုတော့ ပြိုင်ပွဲပုံစံမျိုးနဲ့ ရွေးချယ်မယ်လို့သိရပါတယ်။
သြဂုတ်လတုန်းက Justin Bieber ရဲ့ ပရိသတ်တစ်ယောက်က ဟာရီကိန်း မုန်တိုင်းကြောင့် သူတို့ရဲ့နေအိမ်လေးပျက်စီးသွားတဲ့အကြောင်းကို တွစ်တာ message ကနေတစ်ဆင့် ရင်ဖွင့်ခဲ့ ရာမှာ Justin Bieber က အမေရိကန်ဒေါ်လာ ၅၀၀ လှူဒါန်းပေးခဲ့ရာကနေ အခုလိုအကြံရသွားတာလို့ဆိုပါ တယ်။
ပြိုင်ပွဲပုံစံကတော့ ကိုယ့်ဘဝဇာတ်ကြောင်းနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုစာရေးပြီး ပေးပို့ရမှာ ရဖြစ်ပါတယ်။ ရွေးချယ်ခံရသူကတော့ သူတို့သတ်မှတ်ထားတဲ့အလှူငွေကို လက်ခံရရှိမှာပဲဖြစ်ပါတယ်။
















