ပထမဆုံးရင်သွေးလေးရတော့မယ့် Frankie Muniz နဲ့ Paige Price

ပထမဆုံးရင်သွေးလေးရတော့မယ့် Frankie Muniz နဲ့ Paige Price

အသက် ၃၄ နှစ်အရွယ် Frankie Muniz ကတော့ ဖခင်တစ်ယောက်ဖြစ်လာတော့မှာပါ။

Frankie Muniz နဲ့ အသက် ၂၈ နှစ်အရွယ် ဇနီးဖြစ်သူ Paige Price တို့က ပထမဆုံးရင်သွေးလေးရရှိလာတော့မယ့်အကြောင်းကို YouTube မှာ ဗွီဒီယိုတင်ပြီး ပရိသတ်တွေကိုမျှဝေခဲ့တာပါ။

သူတို့တွေက မိဘနေရာကိုရောက်လာတော့မယ့် သတင်းကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး ကိုယ်ဝန်က ၁၅ ပတ် ရှိပြီလို့သိရပါတယ်။

ကလေးရဲ့နှလုံးခုန်သံကိုပထမဆုံး ကြားလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်က ဘာနဲ့မှနှိုင်းယှဉ်လို့မရဘူးလို့ Frankie က ပြောခဲ့ပါတယ်။

မိသားစုရဲ့အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားနေပြီး ကလေးရဲ့နာမည်နဲ့ အလုပ်အကိုင်တွေကအစ စိတ်ကူး နဲ့ ရွေးနေမိတယ်လို့လည်း ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်းလေးနှစ်အကြာ ဒီနှစ် ဖေဖော်ဝါရီ လကမှ လက်ထပ်ခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး