မွေးစားဖခင်က ၁၂ အရွယ် မွေးစားသမီးကို သားမယားပြုကျင့်

မွေးစားဖခင်က ၁၂ အရွယ် မွေးစားသမီးကို သားမယားပြုကျင့်

ပြင်စလူမြို့နယ်တွင် မိဘကွယ်လွန်သွားစဉ် မွေးစားခဲ့သူဖခင်က မွေးစားသမီး ၁၂ အရွယ်အရောက်တွင် သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မိန်းကလေးငယ်၏ မိဘများမှာ ၂၀၀၈ ခုနှစ် နာဂစ်ကာလ အတွင်းကသေဆုံးခဲ့သောကြောင့် မိန်းကလေးငယ်၏အဖိုးဖြစ်သူက တစ်ရွာတည်းနေ ထွန်းမင်းနိုင်(ခ) ငထွန်း ဇနီးမောင်နှံထံ မွေးစားရန်အပ်နှံခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့ည ၇ နာရီကျော်ခန့်တွင် ကျေးရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှအတွင်းရေးမှူးဒေါ်သဉ္ဇာစိုးထံ မိန်းကလေးငယ်ရောက်ရှိလာကာ မွေးစားဖခင်ထွန်းမင်းနိုင်(ခ) ငထွန်းက သူမကို အလိုမတူပဲသားမယားပြုကျင့်ခဲ့ကြောင်း လာရောက်တိုင်တန်းခဲ့သည်။

လွန်ခဲ့သည့်သုံးလကျော်ခန့်က၊ည ၇ နာရီကျော်ခန့်အချိန်တွင် ထွန်မင်းနိုင်(ခ)ငထွန်း မှာလယ်ထဲရှိတမံချောင်းတစ်ခုတွင်လွှဲပိုက်ထောင်ရန်အတွက်၎င်းကိုခေါ်ဆောင်သွားခဲ့ပြီး လယ်ထဲရှိတမံချောင်း အနီးရှိဘောင်ပေါ်၌အလိုမတူပဲသားမယားအဖြစ်ပြုကျင်ခဲ့ကြောင်းနှင့်တစ်စုံတစ်ယောက်ယောက်ကိုပြန်ပြောပါက"နင့်ကိုသတ်ပစ်မယ်"ဟုခြိမ်းခြောက်ခဲ့ကြောင်းကလေးငယ်၏ပြောပြချက်အရ သိရသည်။

ပြင်စလူနယ်မြေရဲစခန်းက၊(ပ)၁၃၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုရေးဖွင့်ကာထွန်းမင်းနိုင်(ခ)ငထွန်း(၃၂)နှစ် ကိုရဲအုပ်ကြည်စိုးနိုင်က ဆက်လက် စစ်ဆေးလျက်ရှိသည်။