Quarantine စင်တာတွင်  ကူညီလုပ်ကိုင်ပေးသူကို Quarantine ဝင်နေသူ ၈ ဦးက ဝိုင်းရိုက်

Quarantine စင်တာတွင်  ကူညီလုပ်ကိုင်ပေးသူကို Quarantine ဝင်နေသူ ၈ ဦးက ဝိုင်းရိုက်

တောင်ငူမြို့တွင် Quarantine စင်တာတွင် ကူညီလုပ်ကိုင်ပေး သူကို Quarantine ဝင်နေသူ ၈ ဦးက ဝိုင်းရိုက်နှက်ခဲ့သည်ဆိုမှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်ထား ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

တောင်ငူမြို့ TTC ကျောင်းဟောင်း Facility Quarantine စခန်းတွင် Quarantine ဝင်ရောက်နေသူ ဦးသိန်းထွန်းကို စက်တင်ဘာ ၂၅ ရက်နေ့ည ၇ နာရီခွဲခန့်က ၎င်း၏နေအိမ်မှ ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်မှုကို စခန်းတွင်လာ ရောက် ကူညီလုပ်ကိုင်ပေးနေသူ ဦးအောင်ဇော်လင်းက ယူဆောင်းခွင့်ပေးရန် တာဝန်ယူဆောင်ရွက်နေသူ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းထံ အကြောင်းကြားခဲ့သည်။

ထိုသို့ပြောဆိုမှုကို Facility Quarantine လာရောက်ဝင် နေသူများဖြစ်ကြသည့် ငါးဖယ်အင်းကျေးရွာ အုပ်စုနေ ဦးသိန်းထွန်း(၄၃)နှစ်၊ ဇင်မျိုးအောင်(၂၆)နှစ်၊ စောဝင်းထွန်း(၃၅)နှစ်၊ ဆင်ဆိပ်ကျေးရွာ အုပ်စုနေ ဇော်မျိုးဦး(၂၃)နှစ်၊ဇင်မင်းထွဋ်(၂၁)နှစ်၊ နေရဲထက်(၂၄)နှစ်၊ ဆင်ဆိပ်ကျေးရွာ အုပ်စု နေ နိုင်ထက်ဦး(၂၀)နှစ်နှင့် အာကာမင်း(၁၇)နှစ်တို့က ကိုယ်တိုင်ထွက်ယူမည်ဟုပြောဆိုပြီး တံခါးဆီသို့သွားရောက်ရန်ပြင်ဆင်ခဲ့သည်။

ဦးအောင်ဇော်လင်းက တားမြစ်ပြောဆိုခဲ့သည်ကို ၎င်းတို့က မကျေနပ်သဖြင့်တွန်းထိုးပြီး အနီးရှိထင်းပုံမှ ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးအောင်ဇော်လင်းတွင် ဦးခေါင်းကွဲ ဒဏ်ရာနှင့် မျက်နှာဖူးရောင်ဒဏ်ရာ များရရှိခဲ့သောကြောင့် ဦးသိန်းထွန်းပါ ၈ ဦးတို့ကို အရေးယူပေးပါရန် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက စက်တင်ဘာလ ၂၇ ရက်နေ့ညပိုင်းတွင် တောင်ငူမြို့မရဲစခန်းတွင်အမှုဖွင်တိုင်ကြားခဲ့သည်။တောင်ငူမြို့မရဲစခန်းက (ပ)၄၆၉/၂၀၂၀၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှု ဥပဒေပုဒ်မ ၂၆/၃၀(က) အရအမှုဖွင့်အရေးယူထားသည်။