မြဝတီမြို့ ၌ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံး

မြဝတီမြို့ ၌ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံး

မြဝတီမြို့၌ COVID-19 အတည်ပြုလူတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏စက်တင်ဘာ ၃ဝ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အတည်ပြုလူနာသည် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် မြို့ပတ်လမ်းနေ အသက်(၃၇)နှစ်ရွယ် အမျိုးသားဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်ကတည်းက ကင်ဆာရောဂါဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်အတည်ပြုလူနာအမျိုးသားသည် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ လူနာတင်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာပြီး မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ Quarantine ထားရှိထားသူဖြစ်သည်။

၎င်းသည် Stay at home အမိန့်ထုတ်ပြန်ထားသည့် ရန်ကုန်မြို့မှပြန်လာသူဖြစ်သည့်အတွက် ၎င်းအား ကိုင်တွယ်ကုသခဲ့သည့် မြဝတီခရိုင်ဆေးရုံရှိဝန်ထမ်းအားလုံးအနေဖြင့် Level 2 အဆင့်ဖြင့်ဝတ်ဆင်ခဲ့သော်လည်း Quarantine ဝင်ကာ swab ယူ၍စစ်ဆေးသွားမည်ဖြစ်သည်။

၎င်းအပြင် ကွယ်လွန်သူ၏ဇနီးဖြစ်သော လူနာစောင့်အမျိုးသမီးမှာ စစ်ဆေးချက်အရ COVID- 19 ပိုးမတွေ့ရှိသကဲ့သို့ COVID- 19 ပိုးတွေ့လူနာသေဆုံးသူနှင့် ဇနီးတို့သည် ရန်ကုန်မှဆေးရုံဆင်းပြီး မြဝတီခရိုင်ဆေးရုံးကြီးသို့ တိုက်ရိုက် Quarantine ဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ယာဉ်မောင်းမှလွဲ၍အခြားမည်သည့် Contact Person မျှမရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်မှ ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှပြန်လာသည့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာကြသည့် လေးဦး၊ စုစုပေါင်းငါးဦးတို့တွင် COVID- 19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနက် မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ခွန်ဆာဝင်းနေ ထိုင်းပြန်အသက်နှစ်နှစ်အရွယ် ကလေးငယ်မှာရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး