မန္တလေးတိုင်း အသေးစားလုပ်ငန်းရှင်များအတွက် အွန်လိုင်းမှတစ်ဆင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စိတ်ဝင်စားမှုများပြား

မန္တလေးတိုင်း အသေးစားလုပ်ငန်းရှင်များအတွက် အွန်လိုင်းမှတစ်ဆင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စိတ်ဝင်စားမှုများပြား

မန္တလေးတိုင်းဒေသကြီးအတွင်းအသစ်လျှောက်ထားမည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အဆင်ပြေစေရန်အတွက် အွန်လိုင်းမှမှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို ပထမဦးဆုံးအဖြစ်စတင်ခွင့်ပြု လုပ်ဆောင်ပေးလျက်ရှိရာလုပ်ငန်းရှင်များက ဆက်သွယ်စုံစမ်းမေးမြန်းမှုများရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခုကဲ့သို့ ခွင့်ပြုလုပ်ဆောင်ပေးခြင်းသည် မန္တလေးမြို့ပေါ်ရှိ Stay At Home ကြေညာချက်ထုတ်ပြန်ထားသော မြို့နယ် သဲုးမြို့နယ်အတွင်းမှ မှတ်ပုံတင်အသစ် လျှောက်ထားလိုသော လုပ်ငန်းရှင်များ၊ သက်တမ်းအသစ်တိုးလိုသော လုပ်ငန်းရှင်များနှင့်ကိုဗစ်ကာလအတွင်း ခရီးလှမ်းသည့်နယ်ဒေသများမှ ရုံးသို့ကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိနေသည့်လုပ်ငန်းရှင်များအား အဆင်ပြေချောမွေ့စေရန်အတွက် အထက်ပါဌာနအနေဖြင့် အွန်းလိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

''အွန်လိုင်းကနေလျှောက်ထားကြမယ့်လုပ်ငန်းရှင်တွေ အနေနဲ့လျှောက်ထားသူရဲ့လုပ်ငန်းခွင် ဓာတ်ပုံနဲ့အတူလုပ်ငန်းရှင်ရဲ့ ပတ်စ်ပို့ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူနဲ့ အမှန်တကယ်အလုပ်လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်စတာတွေလိုအပ်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေပြည့်စုံတယ်ဆိုရင် မှတ်ပုံတင်ကို အမြန်ဆုံးပြုလုပ်ပေးနေတာဖြစ်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သင်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိအသေးစားစက်မှုလက်မှုလုပ်ငန်းများအနေဖြင့် အွန်လိုင်းမှတစ်ဆင့်လျှောက်ထားလိုပါက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)၏ လူမှုကွန်ရက်စာမျက်နှာ [email protected] အီးမေးလ်လိပ်စာသို့ လိပ်မူနိုင်ကာဖုန်းနံပါတ် ဝ၂၄ဝ၃၉၆ဝ၉ ကိုလည်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး