ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက် ရွာအဝင်ပေါက်ကိုပိတ်၍ စစ်ဆေးသူကို  ထိုးကြိတ်ခဲ့သူအား အမှုဖွင့်

ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက် ရွာအဝင်ပေါက်ကိုပိတ်၍ စစ်ဆေးသူကို  ထိုးကြိတ်ခဲ့သူအား အမှုဖွင့်

လှည်းကူးမြို့နယ်တွင် ကိုဗစ် ၁၉ ​ရောဂါကာကွယ်ရေးအတွက်ကျေးရွာဝင်ပေါက်ကိုပိတ်၍ စစ်ဆေးသူကို ထိုးကြိတ်၍ စကေဘာဖြင့်ထိုးရန်အားထုတ်သူကို အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့ ၊နေ့လည် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ လှည်းကူးမြို့နယ်၊ ဇီးပင်ကျေးရွာ တွင်COVID-19 ရောဂါနှင့်ပတ်သက်၍ ကျေးရွာဝင်ပေါက်ကို အုပ်ချုပ် ရေးမှူး၏ တာဝန်ပေးချက်အရ အဆိုပါ ကျေးရွာနေ လင်းလင်းထိုက်နှင့် အဖွဲ့က ဝါးလုံးတန်းဖြင့် ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ်မွန်းလွဲ ၂ နာရီခန့်က ရွာမအုပ်စု ရွာသစ်ကုန်း ကျေးရွာနေ ဖြိုးမောင်မောင် (၃၄) နှစ်က လမ်းလျှောက်လာပြီး ဇီးပင်ကျေးရွာ ဝင်ပေါက်အရောက် ဘာစကားမှ မပြောဘဲ ဂိတ်စစ်ဆေးမှု လုပ်နေသူ လင်းလင်းထိုက်ကို ထိုးကြိတ်ကန်ကြောက်ခဲ့သည်။ထို့နောက်" ရွာအဝင်ကို ဝါးနှင့်တားပြီး ဘာလို့ ပိတ်ထားတာလဲ မင်းကိုသတ်ပြစ်မယ်" ဟုပြောဆိုပြီး ၎င်းတွင် ပါလာသည့် စကေဘာဖြင့် လင်းလင်းထိုက်ကို လိုက်ထိုးခဲ့ရာ ရွာထဲသို့ ထွက်ပြေးခဲ့ရသောကြောင့်ဖြိုးမောင်မောင် ကိုအရေးယူပေး ရန်တိုင်ကြားခဲ့သည်။

လှည်းကူးမြို့မရဲစခန်းမှ(ပ)၁၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၂၃/၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။