ဆိုင်ရှေ့ကားပိတ်ရပ်သည့်ကိစ္စ ကတောက်ကဆဖြစ်ရာက မိမိကိုယ်ကိုသေကြောင်းကြံစည်

ဆိုင်ရှေ့ကားပိတ်ရပ်သည့်ကိစ္စ ကတောက်ကဆဖြစ်ရာက မိမိကိုယ်ကိုသေကြောင်းကြံစည်

ပြင်ဦးလွင်မြို့တွင် ဆိုင်ရှေ့ကားပိတ်ရပ်သည့်ကိစ္စ ကားကြီးသမားများနှင့် ကတောက်ကဆဖြစ် စိတ်ဆိုးရာက မိမိကိုကိုယ်ဓားဖြင့်လှီးကာသေကြောင်းကြံစည်မှုကို အမှုဖွင့်အရေးယူ ထားကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ၁ရက်နံနက်၁နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁၂)ရေချမ်းအိုးမြို့ရှောင်လမ်းနံဘေးရှိ လမင်းအိမ်လေထိုး ကျွတ် ဖာဆိုင်တွင်မိမိကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ကသွား ရောက်စစ် ဆေးခဲ့သည်။

အဆိုပါလေထိုးကျွတ်ဖာဆိုင်တွင် ဇေယျာတင့်နိုင်(၂၁)နှစ်မှာ လည်ပင်းပြတ်ရှဒဏ်ရာရရှိထားသည်ကိုတွေ့ရသည်။စုံစမ်းချက်အရ၄င်း၏ဆိုင်ရှေ့လာရပ်သည့် ကားများကို ဆိုင်ပိတ်ဆို့၍ မရပ်ရန်ပြောဆိုရာမှကားကြီးသမားများနှင့်ကတောက်ကဆဖြစ်ကာစိတ်ဆိုးအရက်သောက်ပြီးမိမိလည်ပင်းကိုဓားဖြင့်လှီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူကို သန္တိသုခလူမှုကူညီရေး ကားဖြင့်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ပြီးသေဆုံးမှူ့မရှိကြောင်းသိရသည် မိမိကိုယ်မိမိလည်ပင်းကို လှီးသူဇေယျာတင့်နိုင်ကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၃၅၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၉ အရ အမှု့ဖွင့်အရေးယူထားသည်။