မိုင်းဆတ်မြို့နယ်တွင် သိန်း၂၃၃၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား အကြေများနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်များ ကို သက်ဆိုင်ရာက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့က သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့ နံနက်၁၀ နာရီ ၄၅ အချိန်တွင် မိုင်းဆတ်မြို့နယ်၊စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်ကျေးရွာအနီးတွင် မြေကြီးအတွင်းရှိ ကော်ပုံးများအတွင်းမှ ရေစိုပျက်စီးနေသော စိတ်ကြွရူးသွပ်ဆေးပြားအကြေအလေးချိန် ၉၅ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၅၀ဝ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်အလေးချိန် ၁၃၈ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၈၀ဝ သိန်း)တို့ကို သက်ဆိုင်ရာက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့သည်။မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေ သောဆေးဝါးများဆိုင် ရာဥပဒေဖြင့် အမှုရေးဖွင့်အရေးယူ ထားသည်။

















