ဂျပန်မင်းသမီး Yuko Takeuchi မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ယူဆရ

ဂျပန်မင်းသမီး Yuko Takeuchi မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ယူဆရ

အသက် ၄၀ အရွယ် ဂျပန်မင်းသမီး Yuko Takeuchi ကို တိုကျိုမှာရှိတဲ့ သူမရဲ့နေအိမ်မှာသေဆုံးလျက် တွေ့ရှိခဲ့ ရပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကို ရဲတွေကစုံစမ်းစစ်ဆေးလျက်ရှိပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချ ထားပါတယ်။

ခင်ပွန်းဖြစ်သူမင်းသားTaiki Nakabayashi က သူမကိုတွေ့ရှိခဲ့ တာဖြစ်ပြီး ဆေးရုံကို ပို့ခဲ့ပေမယ့်အချိန်မမီလိုက်ဘဲအသက်ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ သူမရဲ့အေဂျင်စီ Stardust Promotion က အသိပေးကြေညာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Taiki နဲ့အတူ အသက် ၁၄ နှစ်အရွယ်ကလေးနဲ့ ဇန်နဝါရီလကမှ မွေးဖွားခဲ့တဲ့ လပိုင်းအရွယ်ကလေးတို့ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

Takeuchi ဟာဂျပန်မှာအောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ပြီး မြန်မာပရိသတ်တွေတိုရင်လည်း “The Ring” ရုပ်ရှင်နဲ့ သူမကိုသတိပြုမိ ခဲ့ကြမယ် ထင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ HBO ရဲ့ “Miss Sherlock” ဇာတ်လမ်းတွဲမှာလည်း သူမက အမျိုးသမီးရှားလော့ခ်ဟုမ်းစ် နေရာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားကို အမေရိကန်အပါအဝင် နိုင်ငံအတော်များများမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Takeuchi ဟာဂျပန်နိုင်ငံက ပေးအပ်တဲ့အကယ်ဒမီဆုပေးပွဲမှာလည်းအကောင်းဆုံး မင်းသမီးဆုကို ရရှိထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Takeuchi သေဆုံးမှုကိုအဆုံးစီရင်မှုလို့ တရားဝင်အတည်မပြုသေးပေမယ့်လည်း အားလုံးကတော့ အဲဒီ့လိုပဲယူဆထားကြပါတယ်။ ဇူလိုင်လနဲ့ စက်တင်ဘာလအစောပိုင်းတွေမှာလည်း ဂျပန်မင်းသား၊ မင်းသမီးနဲ့ ကျော်ကြားသူတချို့  ကိုယ့်ကိုကိုယ်သတ်သေမှုတွေ ဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာမိမိကိုယ်ကိုယ် အဆုံးစီရင်မှုအများဆုံးနိုင်ငံထဲမှာ ပါဝင်နေတာပဲဖြစ်ပါတယ်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး