ဒေါ်လာနှစ်သိန်းတန် လက်ပတ်နာရီ ဝတ်ဆင်ခဲ့လို့ Lee Si-eon ဝေဖန်ခံနေရ
တောင်ကိုရီးယားသရုပ်ဆောင် Lee Si-eon ကတော့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ “I Live Alone” အစီအစဉ်မှာဒေါ်လာနှစ်သိန်းတန် လက်ပတ်နာရီကို ဝတ်ဆင်ခဲ့တာကြောင့် ဝေဖန်ခံနေရတာပါ။
Lee Si-eonဟာ ကိုဗစ်အတွက် အလှူငွေ လှူဒါန်းခဲ့ရာမှာအမေရိကန်ဒေါ်လာ ၈၀၀ ကျော်ပဲ လှူဒါန်းခဲ့ပြီး ရိုက်ကူးရေးမှာတော့ ဒေါ်လာနှစ်သိန်းတန် Patek Philippe နာရီကိုဝတ်ဆင်ခဲ့တာကြောင့် အတော်လေးကို ဝေဖန်ခံနေရပါတယ်။
Lee Si-eon ကတော့ အဲဒီ့နာရီဟာ သူ့နာရီမဟုတ်ကြောင်း အင်စတာဂရမ်ကနေတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
အခုလိုမျိုး သူ့ကို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ဆိုရင်တော့ ခုနှစ် ၂၁၀၀ လောက် ရောက်မှာပဲ ဝယ်နိုင်လိမ့်မယ်လို့ ဟာသနှောပြီး ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။
















