COVID-19 လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်သူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဂုဏ်ပြုချီးမြှင့်

COVID-19 လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်သူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဂုဏ်ပြုချီးမြှင့်

COVID-19 ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များအတွင်း ပူးပေါင်းဆောင်ရွက်သူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားရှိ (BCF) ဇုန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် စေတနာ့ဝန်ထမ်း ၂၃၃ ဦးအား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်း ၄၆,၆ဝဝ,ဝဝဝ အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ပေးအပ်ချီးမြှင့်ငွေများကိုမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က လက်ခံရယူပေးသည်။

ထို့နောက် ဌာနဆိုင်ရာများမှ စေတနာ့ဝန်ထမ်း ၅ဝ၆ ဦးအတွက် တစ်ဦးကျပ် ၅ဝ,ဝဝဝနှုန်းဖြင့် ငွေကျပ် ၂၅၃ သိန်းအားပေးအပ်ရာ မြဝတီခရိုင် COVID-19 ထိန်းချုပ်ရေးကော်မတီဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က လက်ခံရယူခဲ့သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ခရိုင်အုပ်ချူပ်ရေးမှူး ဦးတေဇာအောင်တို့မှ စေတနာ့ဝန်းထမ်းများနှင့် ဌာနဆိုင်ရာ(Volunteer)များအား ဂုဏ်ပြုလွှာနှင့်ဂုဏ်ပြုထောက်ပံငွေများ ထပ်ဆင့်ပေးအပ်ပေးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး