ကလောမြို့နယ်စိမ်းလဲ့တောင်ကြားဆင်စခန်းတွင် မျောစာမဲ့ဆင်တစ် ကောင် သယ်ယူခဲ့သူ စခန်းတာဝန်ခံကို သစ်တော ဥပဒေဖြင့်အမှုဖွင့်အရေး ယူထားကြောင်း အောက်တိုဘာ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ကလောမြို့နယ်စိမ်းလဲ့တောင်ကြားဆင်စခန်း၌ စက်တင်ဘာ၂၁ရက်နေ့တွင် မျောစာမဲ့ဆင်တစ်ကောင် ရောက်ရှိနေကြောင်း သတင်းအရ၊သစ်တောဦးစီးဌာနနှင့်ဝက်ဖြူရေကန်ကျေးရွာအုပ်စု၊နန့်ပန်တက် ဘိနယ်တာဝန်ခံတို့မှသွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ဆင်မှာ နှင်းစစ်ဝေအမည်ရှိ ဆင်မဖြစ်ပြီး ဆင်မှတ်ပုံအမှတ်၃/၂၀၀၁-၁၂(စစ်ကိုင်းတိုင်း) ဖြစ်ကြောင်းသိရှိရကာ ကလောသစ်တောဦးစီးဌာနသို့ တရားဝင်သယ်ဆောင်ခွင့်မျောစာမပါဘဲ ရောက်ရှိနေခြင်းဖြစ် ကြောင်းသိရသည်။စုံစမ်းချက်အရ၊မိတ္ထီလာခရိုင်၊သာစည်မြို့နယ်၊ယင်းမာပင်အုပ်စု၊ကြပ်စခန်းကျေးရွာနေ ဦးအုန်းနိုင်ထံမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ကလောမြို့နယ်၊စိမ်းလဲ့တောင် ကြား ဆင်စခန်းတာဝန်ခံ၊ အောင်သူရ ၄၃ နှစ် ကမျောစာမဲ့သယ်ယူ ရွှေ့ပြောင်းလာခဲ့ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် အရေးယူပေးပါရန် အောက်တိုဘာ၁ရက်နေ့တွင် တောအုပ်ကြီးဦးကြည်လင်းကတိုင်ကြားခဲ့သည်။
ကလောမြို့မရဲစခန်း(ပ) ၁၃၉/၂၀၂၀၊ သစ်တော ဥပဒေပုဒ်မ၃၉(က) ဖြင့်အမှုဖွင့်အရေးယူထားသည်။
















