နယူးဒေလီ အောက်တိုဘာ ၃ - အိန္ဒိယနိုင်ငံ၌ အောက်တိုဘာ ၃ ရက်အထိ COVID-19 ဖြင့် သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အမေရိကန်နှင့် ဘရာဇီးတို့နောက် ကမ္ဘာပေါ်တွင် တတိယမြောက် သေဆုံးသူအများဆုံးနိုင်ငံဖြစ်လာကာ ကူးစက်မှုလျော့ကျသွားမည့် လက္ခဏာမျိုးလည်း မတွေ့ရကြောင်း သိရသည်။
အိန္ဒိယ၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၉,၄၇၆ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၆ ဒသမ ၄၇ သန်း ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သေဆုံးသူ ၁၀၀,၈၄၂ ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အိန္ဒိယသည် နေ့စဉ်ကူးစက်သူသစ်ဦးရေတွင် ကမ္ဘာပေါ်၌ အမြင့်မားဆုံးနိုင်ငံ ဖြစ်နေသည်။
ယခုအပတ်တွင် ရုပ်ရှင်ရုံများကို ပရိသတ်ပမာဏထက်ဝက်ခန့်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို အာဏာပိုင်များသည် ယခုလလယ်တွင် ဆုံးဖြတ်မည်ဖြစ်သည်။

















