ငွေနှင့်ရွှေ ၆၂ သိန်းကျော်ဖိုးကို မွေးစားသားနှင့် အပေါင်းအပါတို့က ခိုးယူ

ငွေနှင့်ရွှေ ၆၂ သိန်းကျော်ဖိုးကို မွေးစားသားနှင့် အပေါင်းအပါတို့က ခိုးယူ

သုဝဏ္ဏဝတီမြို့တွင် ငွေနှင့်ရွှေ ၆၂ သိန်းကျော်ဖိုးကို မွေးစားသားနှင့် အပေါင်းအပါတို့က ခိုးယူခဲ့သည်ဆိုမှုကို အရေးယူထားကြောင်း အောက်တိုဘာ ၃ နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းတွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ကျိုက္ကော်ရပ်ကွက် သရက်တော ပိုင်းနေ ဒေါ်သီတာသည် အိမ်အပေါ် ထပ်တွင် အိပ်ရာဝင်ခဲ့ပြီး နံနက်အိပ်ရာမှနိုးစဉ်ခြေတန်ရှည်နေအိမ်အောက်ထပ်၌ရွှေထည်ပစ္စည်း ၈ မျိုးနှင့်ငွေကျပ် သိန်း ၂၀စုစုပေါင်းတန်ဖိုးငွေ ၆,၂၈၀,၀၀၀ ကျပ်ခန့်ပါရှိသည့်ကျွန်းသေတ္တာပျောက်ဆုံးနေကြောင်းသိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သိမ်ဆိပ်ရဲစခန်းက(ပ)၃၆၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၈၀ အရ အမှုဖွင့်ကာဒုရဲအုပ်သန်းမြင့်နှင့်အဖွဲ့ကစုံစမ်းခဲ့သည်။စုံစမ်းချက်အရ ကျိက္ကော်ရပ်ကွက် အောက်ကျင်းပိုင်းဒေဝီသခင်မချောင်းအနီးတွင်မင်္ကာဖွယ်တွေ့ရှိသူ စိုးကို(၁၉)နှစ် ကိုစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းသည်ကျိုက္ကော်အောက်ကျင်းပိုင်းတံတားတွင် ကျိုက္ကော်သရက်တောပိုင်းနေသူဟန်မင်းထိုက်(၂၀)နှစ်နှင့်အရက်အတူသောက်ရင်း ဟန်မင်းထိုက်မှ၎င်းတွင်ပိုက်ဆံပြတ်နေ၍ မွေးစားမိခင်ဖြစ်သူနေအိမ်မှပိုက်ဆံသွားရောက်ခိုးယူမည်ဟုပြောခဲ့သဖြင့် ဟန်မင်းထိုက်၏မွေးစားမိခင်နေအိမ်အောက်ထပ်၌ထားရှိသည့် ကျွန်းသေတ္တာအားခိုးယူခဲ့ကြကြောင်း၊၎င်းကျွန်းသေတ္တာကိုကျိုက္ကော်-ကတိုက်ကြီးသွားလမ်းဘေးရှိလယ်ကွက်အတွင်းဖွင့်ကြည့်ကြရာရွှေထည်အချိုနှင့်ငွေကျပ်သိန်း ၂၀ ကိုတွေ့ရ၍လယ်တဲ အတွင်းရှိကောက်ရိုးပုံ၌ဝှက်ထားခဲ့ကြကာ ကျန်ရွှေထည်ပစ္စည်းများအား စိုးကိုမှသိမ်းထားကြောင်းထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ခိုးယူခဲ့သည့် သေတ္တာကိုကောက်ရိုးပုံတွင်းမှ သိမ်းဆည်းစစ်ဆေးရာ ငွေသိန်း ၂၀ နှင့်ရွှေဆွဲကြိုးတစ်ကုံး ကိုတွေ့ရပြီး ကျန်ရွှေထည်ပစ္စည်းများကို စိုးကိုနေအိမ်မှ သိမ်းဆည်းခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဆက်လက်အရေးယူ ထားသည်။