Comeback အတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေတဲ့ MAMAMOO
MAMAMOO အဖွဲ့က comeback အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။
MAMAMOO က comeback အတွက် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေပြီး နိုဝင်ဘာလအစောပိုင်းမှာထွက်နိုင်ဖို့ကြိုးစားနေတယ်လို့ အေဂျင်စီက ပြောပါတယ်။
ရက်အတိအကျကို ထပ်မံအတည်ပြုပေးမယ်လို့ပြောခဲ့ပါတယ်။
MAMAMOO အဖွဲ့ဝင်တွေက သီချင်းအတွက်အသံသွင်းတာတွေ၊ ခေါင်းစဉ်ပေးဖို့စဉ်းစားနေတာတွေနဲ့ တခြားပြင်ဆင်မှုတွေလုပ်ဆောင်နေရ တာကြောင့် အလုပ်များနေတယ်လို့သိရပါတယ်။
MAMAMOO အဖွဲ့က မကြာခင်ကပဲ “Wanna Be Myself” သီချင်းထွက်ထားပြီး “reality in BLACK” အခွေကတော့ သူတို့နောက်ဆုံးထွက်ထားတဲ့အယ်လ်ဘမ်ဖြစ်ပါ တယ်။
















