ချစ်သူတွေဖြစ်နေပြီလို့ဝန်ခံခဲ့တဲ့ Ryeowook နဲ့ Ari

ချစ်သူတွေဖြစ်နေပြီလို့ဝန်ခံခဲ့တဲ့ Ryeowook နဲ့ Ari

Super Junior အဖွဲ့ဝင် Ryeowook နဲ့ TAHITI အဖွဲ့ဝင်ဟောင်း Ari တို့ဟာ ချစ်သူတွေဖြစ်နေကြပြီလို့ ဆိုပါ တယ်။

သူတို့နှစ်ယောက်လုံးနဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ စတင်တွေ့ဆုံခဲ့ကြပြီး မကြာ သေးခင်ကမှ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။

အစတုန်းကတော့ Ryeowook နဲ့ Ari တို့ဟာ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးမျိုးဖြစ်ပြီး နောက်ပိုင်းမှချစ်ကြိုက်သွားတာလို့ အေဂျင်စီကလည်း အတည်ပြုပြောဆိုထားပါတယ်။

Ryeowook ဟာ ၂၀၀၅ ခုနှစ်မှာ Super Junior အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး တစ်ကိုယ်တော်အဆိုတော် အဖြစ်လည်းရပ်တည်နေပါတယ်။

Ari ကတော့ TAHITI အဖွဲ့နဲ့အတူ ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပါ တယ်။

သူမဟာ “Mom’s Recipe” မှာလည်း သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး