လမ်းခွဲလိုက်ကြပြီဆိုတဲ့ Hanhae နဲ့ Han Ji Eun

လမ်းခွဲလိုက်ကြပြီဆိုတဲ့ Hanhae နဲ့ Han Ji Eun

ရက်ပ်ပါ Hanhae နဲ့ မင်းသမီး Han Ji Eun တို့ လမ်းခွဲလိုက်ပြီလို့သိရပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် သြဂုတ်လမှ ပရိသတ်တွေကိုတရားဝင်အသိပေးပြီး တွဲခဲ့ကြတဲ့ Hanhae နဲ့ Han Ji Eun တို့ရဲ့ အချစ်ဇာတ်လမ်းကအဆုံးသတ်သွားပြီဖြစ်ကြောင်း သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။

Han Ji Eun ရဲ့ အေဂျင်စီ HB Entertainment ကလည်း ဒီသတင်းဟုတ်မှန်ကြောင်းအတည်ပြုပေးခဲ့ပြီး လမ်းခွဲရတဲ့ အကြောင်းရင်းကတော့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတာကြောင့် ထုတ်ပြောလို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

Hanhae ရဲ့ အေဂျင်စီဖြစ်တဲ့ Brand New Music ကတော့ အနုပညာရှင်တွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာ ကြောင့် အတည်ပြုပေးဖို့ခက်ခဲကြောင်းပဲ ထုတ်ပြန်ထားပါတယ်။

Hanhae က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်ခဲ့ပြီး Han Ji Eun ကတော့ လတ်တလောမှာ MBC ရဲ့ “Kkondae Intern” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး