၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ “Ready Player One” ရုပ်ရှင်ရဲ့နောက်ဆက်တွဲ “Ready Player Two” ထပ်ထွက်ဖို့ အလားအလာရှိနေပါတယ်။
ဒါရိုက်တာ Steven Spielberg ရဲ့ “Ready Player One” ရုပ်ရှင်ဟာ အမေရိကန် ဒေါ်လာ ၁၇၅ သန်းသာ အကုန်အကျခံရိုက်ကူးထားခဲ့ပေမယ့် Box Office မှာ အမေရိကန်ဒေါ်လာ ၅၈၂ သန်း ကျော်အထိ ဝင်ငွေပြန်လည်ရရှိပြီး အောင်မြင်ခဲ့တာပါ။
“Ready Player One” ကို ရေးသားခဲ့တဲ့ စာရေးဆရာ Ernet Cline က အခုနိုဝင်ဘာလထဲမှာ “Ready Player Two” ဝတ္ထုကိုမိတ်ဆက်ဖို့ရှိတာကြောင့် ရုပ်ရှင်လည်း ထပ်ထွက်လာနိုင်တယ်လို့ အားလုံးကခန့်မှန်းနေကြပါတယ်။
“Ready Player One” ရဲ့ အဓိကဇာတ်ဆောင် မင်းသား Tye Sheridan ကလည်း “Ready Player Two” ကို ရုပ်ရှင်အဖြစ်ထပ်ထွက်စေချင်ပြီး သူ့အနေနဲ့ လည်း ထပ်မံပါဝင်သရုပ်ဆောင်ချင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
















