“I Am Woman” သီချင်းပိုင်ရှင် Helen Reddy ကွယ်လွန်

“I Am Woman” သီချင်းပိုင်ရှင် Helen Reddy ကွယ်လွန်

“I Am Woman” သီချင်းကိုသီဆိုသူ Helen Reddy ဟာ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါ တယ်။

ဒီအကြောင်းကို Helen ရဲ့ သမီးဖြစ်သူက တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Helen ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ လော့စ်အိန်ဂျလိစ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီး သူမတို့အတွက် မိခင်ကောင်းတစ်ယောက်ဖြစ်တာ ကြောင့် အလွန်ပဲကြေကွဲဝမ်းနည်းရကြောင်း သမီးဖြစ်သူကပြောခဲ့ပါတယ်။

သြစတေးလျလူမျိုး အဆိုတော် Helen ဟာ “Delta Dawn” နဲ့ “Ain’t No Way to Treat a Lady” တို့နဲ့လည်း လူသိများအောင်မြင်ခဲ့ပါတယ်။

Helen ရဲ့ အတ္ထုပ္ပတ္တိကိုပုံဖော်ရိုက်ကူးထားတဲ့ “I Am Woman” ရုပ်ရှင်ကလည်း ပြီးခဲ့တဲ့သြဂုတ်လကမှ ထွက်ရှိ ထားတာဖြစ်ပြီး Tilda Cobham-Harvey က Helen အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး