စင်ကာပူ၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ခြောက်ဦးရှိခဲ့

စင်ကာပူ၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ခြောက်ဦးရှိခဲ့

စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ခြောက်ဦးရှိခဲ့ပြီး ယင်းသည် မတ် ၁၀ ရက်မှစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်အနည်းဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကူးစက်သူသစ်များအနက် တစ်ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး လေးဦးသည် ပြည်ပတွင် ကူူးစက်ခံခဲ့ရသူများဖြစ်သည်။

စင်ကာပူ၌ COVID-19 ကူးစက်သူ ၅၇၈၀၀ ရှိနေသည်။

ပြည်တွင်းကူးစက်သူတစ်ဦးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး ကွင်းဆက်ပြတ်လူနာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရပ်ကွက်များတွင် နေထိုင်သူ အသက် ၁၃ နှစ်နှင့်အထက် စင်ကာပူနိုင်ငံသားအားလုံးကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိစစ်ဆေးမှုအရ အဆိုပါ အသက် ၄၄ နှစ်အရွယ် အမျိုးသား ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် ကူးစက်ခံခဲ့ရသူလေးဦးကို စင်ကာပူသို့ရောက်ရှိပြီးနောက် သီးခြားထားရှိခဲ့သည်။

အဆောင်တစ်ဆောင်တွင် နေထိုင်သူတစ်ဦးသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသားသည် အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူဖြစ်ပြီး သီးခြားထားရှိစောင့်ကြည့်စနစ်ဖြင့် နေထိုင်နေရသူဖြစ်သည်။

စင်ကာပူ၌ ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ ၄၆ ဦးကျန်ရှိနေပြီး အများစုသည် အခြေအနေတိုးတက်ကောင်းမွန်နေသည်။